Extended End-Plate Moment Connection များအကြောင်း (၁)


 
နိဒါန်းမိတ်ဆက်

            အားလုံးပဲ မင်္ဂလာပါ။ သံထည်အဆောက်အအုံများအား ဒီဇိုင်းထုတ်မည့်အင်ဂျင်နီယာများနှင့် ဗိသုကာပညာရှင်များ၊ တည်ဆောက်မည့် အင်ဂျင်နီယာများ၊ လုပ်ငန်းရှင်များအတွက် သံထည်အဆောက်အအုံများမှာ အသုံးပြုမှုတွင်ကျယ်သော steel connection အမျိုးအစားတစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါကတော့ extended end plate moment connection ပဲဖြစ်ပါတယ်။ end-plate connection တွေကို low seismic region တွေမှာ အထပ် ၃၀ ခန့်ထိ အသုံးပြုကြပီး high seismic region တွေမှာ ၁၀ ထပ်ခန့်ထိ အသုံးပြုလေ့ရှိကြပါတယ် End plate connection တွေဟာ beam-beam connection (splice plate connection) အဖြစ်သုံးလို့ရသလို beam-column connection အနေနဲ့လည်း သုံးလို့ရပါတယ်။ Gable frame panel zone မှာလည်းသုံးလို့ရပါတယ်။

            ဖော်ပြမဲ့ အစီအစဉ်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  1.  နိဒါန်းမိတ်ဆက်
  2. အမျိုးစားခွဲများအကြောင်း 
  3. အားသာချက်နဲ့ အားနည်းချက်
  4. ဒီဇိုင်းတွက်ခြင်း အဆင့်ဆင့်
  5. ကနဦးပုံစံချခြင်း
  6. အသေးစိတ်ဒီဇိုင်းတွက်ချက်ခြင်း
  7. မူလီတပ်ဆင်ခြင်း
  8. ဂဟေဆော်ခြင်း 
  9. တည်ဆောက်ခြင်းနှင့် ပတ်သက်သော နည်းလမ်းများအကြောင်း

 

Min Khant Kyaw

Comments