သံထည်အဆောက်အအုံများတွင် အုတ်နံရံစီခြင်း

 

          မြန်မာနိုင်ငံက တည်ဆောက်ရေးလုပ်ငန်းတွေရဲ့ သံထည်အဆောက်အအုံတွေမှာ အုတ်စီတဲ့အခါ ဘယ်လိုစီရင်ပိုကောင်းမလဲဆိုတာ မကြာခဏငြင်းခုန်ရလေ့ရှိပါတယ် နိုင်ငံတကာမှာတော့ စနစ်တကျတိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံမှာတော့ နည်းပညာကို ခါးဖြတ်လိုက်ရတဲ့အတွက် အခက်အခဲတွေအများကြီးရှိပါတယ်။ အဲ့ဒီအတွက် နိုင်ငံတကာက နည်းစနစ်တွေကို လေ့လာပီး အနီးစပ်ဆုံး အသုံးချလို့ရမဲ့ တည်ဆောက်ရေးနည်းစနစ်တွေကို မျှဝေချင်ပါတယ်။ အမှန်ကတော့ အောက်ပါစနစ်ဟာ အလွန်တောင့်တင်းသော အုတ်ရိုးနံရံနည်းစနစ်တစ်ခုဖြစ်ပြီး သံထည်အဆောက်အအုံရဲ့ ကြံ့ခိုင်မှုကိုပါအထောက်အကူပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။

 လေ့လာမှုများအရ ...

  • အုတ်နံရံရဲ့အောက်ခြေမှာ deck slab ကနေ သံချောင်းတွေထုတ်ပီး တွဲထားတာကို မြင်ရပါမယ်
  • အုတ်နံရံရဲ့အပေါ်ဆုံးအပိုင်းမှာ steel beam အကြား အဟ (gap) လေးချန်ထားတာတွေ့ရပါမယ် ဘာလို့လဲဆိုတော့ သံထုပ်တန်း(steel beam)တွေ အိကျတဲ့အခါ အုတ်နံရံ အပေါ်သက်ရောက်မှုမရှိစေလိုခြင်းကြောင့် ဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ အုတ်နံရံအပေါ်ဆုံးအပိုင်းနဲ့ သံထုပ်တန်း(steel beam)အကြား shear stud များသုံးပြီး အလွန်တောင့်တင်းအောင် စီမံထားခြင်းဖြစ်ပါတယ်။
  • အုတ်နံရံတွေဟာ အဆောက်အအုံဆီလာတဲ့ ဘေးတိုက်အလေးဝန်တွေကို သံဖရိန်တွေဆီ ဖြန့်ပေးနိုင်ဖို့လိုပါတယ် အဲ့တော့ အုတ်နံရံရဲ့အပေါ်ဆုံးအပိုင်းမှာ သံထုပ်တန်း(steel beam)ကို steel plate ကို မူလီနဲ့တွဲထားတာကို မြင်ရပါမယ်
  • သံတိုင် (steel column) နဲ့ အုတ်နံရံကြားမှာ ဘေးတိုက်တွဲဆက်နိုင်ဖို့ anchor လေးတွေပါတယ်
  • အဓိကကတော့ သံတိုင် (steel column) နဲ့ အုတ်နံရံကြားမှာ အဟ(gap) တစ်ခုထားပါတယ်။ ရည်ရွယ်ချက်ကတော့ သံတိုင်ကို လွတ်လွတ်လပ်လပ်ရွေ့ရှား(drift) နိုင်စေဖို့ဖြစ်ပါတယ်။ အဲ့ဒီအတွက် ရေလုံစေမဲ့ sealant နဲ့ပိတ်ပေးထားပါတယ်။

          အဓိကကတော့ ဆိုခဲ့တဲ့အတိုင်း သံထည်အဆောက်အအုံတွေမှာ တွေမှာ အုတ်နံရံတွေဟာ အကာအယံတစ်ခုဆိုတဲ့ အဓိပ္ပာယ်ထက်ပိုပါတယ် အဆောက်အအုံဆီလာတဲ့ အလေးဝန်တွေကို သံဖရိန်တွေဆီဖြန့်ပေးနိုင်ဖို့လိုပါတယ်။ တစ်ခါတစ်ရံ သံဖရိန်ရဲ့ ကြံ့ခိုင်မှုကို အထောက်အပံ့ပြုပေးနိုင်ဖို့ လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။ အဲ့အတွက် အုတ်နံရံရဲ့အထက်အောက်နဲ့ ဘေးဘက်ဟာ သံဖရိန်နဲ့ ကောင်းကောင်းတွယ်ဆက်ပေးနိုင်ဖို့လိုပါတဲ့အပြင် အုတ်ရဲ့ကြံ့ခိုင်မှုကလည်း အရေးပါလာပြီဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံက လုပ်နေကျနည်းစနစ်တွေကတော့ အုတ်နံရံတွေကို တွက်ချက်စဉ်းစားလေ့မရှိတာကြောင့် သူ့ရဲ့ အပြုအမူကိုအတိအကျပြောဖို့ခက်ပါတယ်။ သံထည်အဆောက်အအုံနဲ့ အုတ်နံရုံဟာ အမျိုးအစားမတူတဲ့အတွက် သူတို့နှစ်ခုရဲ့အပူချိန်ကြောင့် ပြန့်ကားမှု (thermal expansion) ကို ထည့်သွင်းစဉ်းစားသင့်တဲ့အပြင် သံဖရိန်ရဲ့ရွေ့လျားမှုကို မေ့ထားလို့မရပါဘူး။

 

 Min Khant Kyaw














 

 

Comments