Extended End-Plate Moment Connection များအကြောင်း (၃)

 

End-plate connection များ၏အားသာချက်

            ဒီ connection အမျိုးအစားတွေဟာ shop welding & field bolting ဖြစ်တဲ့အတွက် အားသာချက်တွေ အများကြီးရှိပါတယ် End plate နဲ့ beam flange, End plate နဲ့ beam web ပီးတော့ stiffener တွေကို ဂဟေဆော်ဖို့အတွက် စက်ရုံမှာလုပ်ပါတယ် ပီးတော့ field မှာ column နဲ့ bolt တွဲပါတယ် အဓိကကတော့ on site မှာ ဂဟေမဆော်ရတဲ့အတွက် ပြသနာတော်တော်နည်းသွားပါတယ် ရာသီဥတုအခြေအနေကို သိပ်ထည့်တွက်စရာ မလိုပါဘူး Foundation work လုပ်နေစဉ်မှာ shop fabrication process ကိုအပြီးသတ်လုပ်ထားပီး on site မှာ bolt နဲ့တွဲတဲ့အတွက် အချိန်ကုန်တော်တော်သက်သာပါတယ် Erection process အနေနဲ့လည်း တော်တော်မြန်ပါတယ် ကုန်ကျစရိတ်နည်းပါတယ်

            ဒါကတော့ steel structure building တစ်ခုရဲ့ ခွဲဝေထားတဲ့ကုန်ကျစရိတ်အချိုးအစား အကြမ်းဖျင်းဖြစ်ပါတယ်.

  • Material                        25%
  • Fabrication                   30%
  • Protective treatment    20%
  • Transport                     10%
  • Erection                       15%

 

End-plate connection များ၏အားနည်းချက်

            သူ့မှာလည်း အားနည်းချက်တွေရှိသေးပါတယ် ဖြတ်တောက်တဲ့အခါ ကျင်တွယ်ကျဖို့ လိုချင်တဲ့အလျားကွက်တိရနိုင်ဖို့ အရေးကြီးပါတယ် ဒါ့အပြင် member ရဲ့မူလ အတိမ်းအစောင်းတွေလည်းရှိပါတယ်အဲ့တာတွေက ဘယ်ဟာကို သွားပီးသက်ရောက်စေလဲဆိုရင် erection လုပ်တဲ့အခါ ချိန်မတ်ဖို့အခက်အခဲဖြစ်စေပါတယ် ဒီအကြောင်းအသေးစိတ်ကို “အပိုင်း-8 တည်ဆောက်ခြင်းနှင့် ပတ်သက်သော နည်းလမ်းများအကြောင်း” မှာ အကျယ်ဆွေးနွေးပါမယ်

    နောက်တစ်ခုကတော့ connection ရဲ့ extended portion အပိုင်းကြောင့် architectural work အပေါ်သက်ရောက်စေတာပါ Column ကို encase လုပ်တဲ့အခါ connection ရဲ့ extended portion အပိုင်း stiffener စတာတွေကို ပေါင်းထည့်ပီးစဉ်းစားရပါမယ် အဲ့အပိုင်းတွေဟာ Floor to floor height ကိုလည်းအနှောက်အယှက်ဖြစ်စေပါတယ်


Min Khant Kyaw

Comments