Extended End-Plate Moment Connection များအကြောင်း (၅)

  

ကနဦးပုံစံချခြင်း

             ဒီအပိုင်းမှာတော့ ကိုယ်ရွေးချယ်ထားတဲ့ connection အမျိုးအစားအလိုက် သက်ဆိုင်ရာ configuration ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ် ဒီ geometric parameters တွေက test result တွေကနေတစ်ဆင့် analytical procedure တွေအဖြစ်ရရှိထားတာပါ ဒါ့ကြောင့် ဒီ configuration တွေက test အကြိမ်ရေနဲ့ test ရဲ့လုပ်ဆောင်ထားတဲ့ အကျယ်အဝန်းပေါ်မှာ လုံးဝမှီတည်နေပါတယ်

            Connection အမျိုးအစားအလိုက် သက်ဆိုင်ရာ geometric parameter တွေကို AISC design guide တွေမှာ ဖော်ပြပေးထားပါတယ် အကယ်၍သတ်မှတ်ချက်တွေနဲ့ ကွဲလွဲခဲ့မယ်ဆိုရင် mechanism configuration နဲ့ predicted strength တွေအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ် အဲ့ဒီအတွက် preliminary design အတွက်ရွေးချယ်ထားတဲ့ configuration တန်ဖိုးတွေဟာ tested parameter range အတွင်းမှာ ရှိရပါမယ်

            အောက်မှာ AISC design guide ကသတ်မှတ်ထားတဲ့ geometric parameter တွေကို ဖော်ပြထားပါတယ်

 



            preliminary design ဆိုတာ အင်ဂျင်နီယာပညာရပ် သို့မဟုတ် အင်ဂျင်နီယာဆိုင်ရာ တွက်ချက်ခြင်းတွေမှာ ကနဦး ခန့်မှန်းတဲ့အခြေအနေတစ်ခုအနေနဲ့ အကြမ်းဖျင်းအဓိပ္ပာယ်ဖွင့်လို့ရပါတယ် အဲ့ဒီအပေါ်ကို အခြေခံပီး လိုအပ်ချက်တဲ့တွက်ချက်မှုတွေကို ဆက်လက်လုပ်ဆောင်ရပါတယ် အကယ်၍အဆင်မပြေခဲ့ရင် မူလ preliminary design ကိုပယ်ဖျက်ပီး တွက်ချက်မှုတွေကနေရရှိလာတဲ့ ရလဒ်တွေကိုအသုံးပြုရပါတယ်လက်ရှိဖော်ပြထားတဲ့ တန်ဖိုးတွေကို ကိန်းသေတန်ဖိုး မမှတ်လိုက်ဖို့ပါ

             သင့်တင့်တဲ့ Bolt layout dimension ကိုရွေးချယ်တဲ့ပုံစံဟာ end-plate connection design မှာ အဓိကကျပါတယ် Bolt spacing ကျဉ်းတာကိုရွေးမယ်ဆိုရင် economical ဖြစ်ပါတယ် ဒါပေမဲ့ erection လုပ်တဲ့အခါ တပ်ဆင်တာတွေ နပ်ကြပ်တာတွေမှာ အခက်အခဲရှိပါတယ် ဒီအပိုင်းမှာတော့ အခြေခံကျဆုံး geometrical parameter ၃ ခုအကြောင်းကို ဖော်ပြထားပါတယ်

  

BOLT GAGE (g)

            Bolt gage ကို bolt တွေတပ်ဆင်တဲ့အခါ ကြပ်တဲ့အခါမှာ လုံလောက်တဲ့အကျယ်ရှိအောင် ရွေးချယ်ရပါတယ် ဒါ့အပြင် beam-column connection တွေမှာ bolt gage ဟာ column ရဲ့ web နဲ့ flange ကြားမှာရှိနေတဲ့ fillet တွေနဲ့လည်း လွတ်အောင်ချိန်ရပါမယ် သက်ဆိုင်ရာ section တွေရဲ့ Workable gage (min. gage) ကို AISC construction manual မှာဖော်ပြထားပါတယ် Column Flange width ကိုဖယ်ထားမယ်ဆိုရင် max. gage ဟာ လာဆက်တဲ့ beam flange width ကိုမကျော်ရပါဘူး

BOLT PITCH TO THE FLANGE (Pf)

            Bolt pitch to flange ဆိုတာ connected beam flange ရဲ့အနားစွန်းကနေ အနီးစပ်ဆုံး bolt row ရဲ့ center line ကြားအကွာအဝေးဖြစ်ပါတယ် ဒါကတော့ Pf အတွက် သတ်မှတ်ချက်ဖြစ်ပါတယ် ဒါကိုရွေးချယ်တဲ့အခါမှ bolt တွေကိုကြပ်မဲ့ ကိရိယာဝင်လို့့ရအောင်လည်း စဉ်းစားရပါမယ်

  • min. Pf = diameter of bolt + ½ in (diameter of bolt 1in)
  • min. Pf = diameter of bolt + 3/4 in(diameter of bolt > 1in)

 


BOLT PITCH TO ADJACENT BOLT ROW (Pb)

            Bolt pitch to adjacent bolt row ဆိုတာ ကယ်လျက်ရှိတဲ့ bolt row နှစ်ခုရဲ့ center line တွေကြားအကွာအဝေးဖြစ်ပါတယ် သူ့အတွက် သတ်မှတ်ချက်ကတော့

  • Pb > (2-2/3 x diameter of bolt) or (3 x diameter of bolt)
 
WIDTH OF END-PLATE (bp)

            End-plat ရဲ့အကျယ်ကို ရွေးချယ်တဲ့အခါ အနည်းဆုံး beam flange width ရဲ့အကျယ်အတိုင်းရှိရပါမယ်များသောအားဖြင့် ပတ်ပတ်လည် welding ဆော်တဲ့အခါ အဆင်ပြေအောင် bp = beam flange width + 1 in ဖြစ်အောင် ရွေးပါတယ် အဲ့ထက်ကျော်ပီးသုံးရင်လည်း end-plate width = beam flange width + 1 in ကိုပဲ design calculation မှထည့်သုံးပါတယ် ဆိုလိုတာက အဲ့ထက်ကြီးလည်း effective မဖြစ်တော့ဘူးလို့ ယူဆတာပါ

 



Min Khant Kyaw




Comments