Extended End-Plate Moment Connection များအကြောင်း (၄)


INPUT DATA & CHOOSE CONNECTION TYPE

  • Frame analysis ကနေရလာတဲ့ analysis result တွေ လိုအပ်ပါတယ်
  • ကိုယ်သုံးမဲ့ Material properties တွေ သတ်မှတ်ပေးရပါမယ်
  • End-plate moment connection တွေထဲကမှ တစ်ခုခုကိုရွေးချယ်ရပါမယ်
  • နောက် ကိုယ်ရွေးလိုက်တဲ့ connection အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အသေးစိတ် configuration တွေကို ရွေးချယ်ပေးရပါမယ်

 


BOLT DESIGN

    လိုအပ်တဲ့ bolt အရွယ်အစားကို တွက်ထုတ်ပါမယ်။ ရရှိလာတဲ့ bolt အတွက် the bolt shear rupture strength of the connection by the shear at the plastic hinge ကိုအဆင်ပြေမပြေ စစ်ဆေးပါမယ် အဆင်မပြေရင် bolt အရွယ်အစားကြီးတာပဲဖြစ်ဖြစ် bolt အရေအတွက် ပိုများတဲ့ connection type တစ်ခုခုကိုပြောင်းပီးတွက်ချက်တာဖြစ်ဖြစ် လုပ်ရပါမယ်

 


END-PLATE DESIGN

    လိုအပ်တဲ့ end-plate အထူကို တွက်ထုတ်ပါမယ်။ ရရှိလာတဲ့ end-plate အထူကို အောက်ပါအချက်တွေနဲ့ စစ်ပါမယ်.

  • shear yielding resistance of the extended portion of the four-bolt extended unstiffened end plate by the beam flange force
  • shear rupture resistance of the extended portion of the end-plate in the four-bolt extended unstiffened by the beam flange force
  • bearing strength of end-plate to tear out failure by compression bolts
  • bearing strength of column flange to tear out failure by compression bolts

အဆင်မပြေရင် end-plate အထူကိုတိုးတာဖြစ်ဖြစ် column-flange အထူတိုးတာဖြစ်ဖြစ် လုပ်ပေးရပါမယ်.

 

DESIGN WELD

  • Beam flange – end plate weld
  • Beam web – end plate weld ကို တွက်ချက်ပေးရပါမယ်.

 



ADD COLUMN WEB STIFFENERS

    ဒီအဆင့်မှာတော့ column web stiffener လိုအပ်လား မလိုအပ်ဘုးလား အရင်စစ်ပေးရပါမယ် လိုအပ်ရင် column size ကိုကြီးပေးမလား column web stiffener ထည့်မလား ရွေးချယ်ရပါမယ် Column web stiffener ထည့်ဖို့ ရွေးချယ်လိုက်ရင် the column web stiffener design force ကိုတွက်ထုတ်ပေးရပါမယ် သူက column web က connection design နဲ့သွားပီး ဆက်စပ်ပါတယ်

 

Min Khant Kyaw

Comments