ပေ ၄၀ (၁၂ မီတာ) အရှည် cantilevered slab ပါဝင်တဲ့အဆောက်အအုံ

     

    အမေရိကန်ပြည်ထောင်စု နယူးဂျာစီမှာ တည်ဆောက်ထားတဲ့ အဆိုပါ အဆောက်အအုံကတော့ Novartis Oncology Research အဆောက်အအုံဖြစ်ပါတယ်။ client ကတော့ Novartis Pharmaceuticals Corporation ပဲဖြစ်ပါတယ်။ architect ကတော့ Maki & Associates ဖြစ်ပြီး architect of record ကတော့ Gensler လို့ဆိုပါတယ်။ 185,000 ft2 (17,190 m2) အကျယ်အဝန်းရှိတဲ့ ၅ ထပ်အဆောက်အအုံဖြစ်ပါတယ်။
    
     ဒီ challenge ကိုကိုင်တွယ်ဖြေရှင်းခဲ့တဲ့ structural engineer တွေကတော့ Leslie E.Robertson Associates (LERA) ကဖြစ်ပါတယ်။ structural design အရတော့ concrete flat slab system ကိုမှ post tension (bonded) system ပဲဖြစ်ပါတယ်။ High-strength concrete (8000 psi [55 MPa]) ကိုသုံးထားပြီး taper slab ဖြစ်ပါတယ်။ သူ့အထူက 20 in. (508 mm) ကနေ 8 in. (203 mm) ထိဖြစ်ပါတယ်။ တွက်ချက်လို့ရတဲ့ maximum long-term deflection အကျက roof slab မှာ 1.5 in. (38 mm) ဖြစ်ပြီး floor slab တွေမှာ 1.75 in. (45 mm) ဖြစ်ပါတယ်။ post tension force က floor slab တွေအတွက် 75 kip/ft (pre-compression 315 psi) ဖြစ်ပါတယ်။
      
    မြန်မာနိုင်ငံမှာ post tension slab တွေစတော့နေပါပြီ။ အိမ်နီးချင်း ထိုင်းနိုင်ငံလို နိုင်ငံခြားပညာရှင်တွေရဲ့ အကူအညီနဲ့ ပြည်တွင်းမှာ in house service လုပ်နေကြတာပါ။
 
 


 



 
Min Khant Kyaw

Comments