Steel Structure with R.C. Shear Wall

    မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အထိ သံထည်အဆောက်အအုံ(steel structure) ကို သံကူကွန်ကရိ(R.C.) shear wall နဲ့ တွဲဆောက်ကြလေ့မရှိသေးပါဘူး။ သံထည်အဆောက်အအုံတွေဟာ အထပ်မြင့်လာလေ moment frame ထက်စာရင် အခြားသော braced frame, shear wall စတဲ့ အဆင့်မြင့် ဖရိန်စနစ် (frame system) တွေကို မဖြစ်မနေ ရွေးသုံးကြရတာပါ။ steel plate shear wall ကိုလည်း သုံးနိုင်တယ်။

    shear wall စနစ် စစ်စစ်ဖြစ်ဖို့ကတော့  seismic/wind စတဲ့ ဘေးတိုက်အလေးဝန်တွေကို RC shear/core wall ဆီ ၁၀၀% ပေးပြီးတော့ ကျန်တဲ့ steel frame က gravity frame/collector အနေနဲ့ leaning လုပ်တာပေါ့။ အဲ့ဒီအတွက်ကြောင့် steel frame member တွေဟာ seismic requirement အမြင့်တွေကနေ အတိုင်းအတာတစ်ခုအထိ သိသိသာသာ ကင်းလွတ်သွားပါတယ်။ ဒါမှမဟုတ်လည်း dual system လိုမျိုး ဖရိန် စနစ် (၂) မျိုးရောသုံးလို့လည်းရတယ်။ 

     မြန်မာနိုင်ငံမှာတော့ သမာရိုးကျ moment frame ကလွဲရင် ကျန်တာမတွေ့ရသလောက်ပါပဲ။ ခေတ်အဆက်ဆက် R.C. အဆောက်အအုံတွေပဲဆောက်လာကြတော့ သံထည်အဆောက်အအုံတွေကိုလည်း R.C. လိုပဲ ဆောက်ကြတဲ့သဘောရှိပါတယ်။

    အခုနိုင်ငံတကာမှာ steel structure နဲ့ R.C. shear wall နဲ့တွဲဆောက်ထားတဲ့ project တစ်ခုကို ပြပေးထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာတန်းတူ အဆင့်မြင့် frame စနစ်နဲ့ steel structure အဆောက်အအုံတွေ ပေါ်ထွက်လာစေဖို့ မျှော်လင့်မိပါတယ်။



 

Min Khant Kyaw

Comments