COMBINED FOOTING, STRIP FOOTING & STRAP FOOTING

COMBINED FOOTING, STRIP FOOTING & STRAP FOOTING အုတ်မြစ်အမျိုးအစားများ Shallow foundation အမျိုးအစားထဲဝင် footing အမျိုးအစားများအား ဖော်ပြရလျှင် ... square footing rectangular footing combined footing strip footing strap footing mat footing ဟူ၍ ရှိကြသည်။ square footing နှင့် rectangular footing အနားလေးဘက်စလုံး တူညီလျှင် စတုရန်းပုံအုတ်မြစ် (square footing) ဟုခေါ်၍ စတုဂံကဲ့သို့ အနားလေးဘက်သည် မတူညီပါက စတုဂံပုံအုတ်မြစ် (rectangular footing) ဟုခေါ်သည်။ အဆိုပါ အုတ်မြစ် အမျိုးအစားနှစ်ခုသည် သီးခြား အုတ်မြစ် (isolated footing) အမျိုးအစားများဖြစ်ကြပြီး သီးသန့်ရပ်တည်နိုင်သောအုတ်မြစ်အမျိုးအစားဖြစ်ကြသည်။ အကယ်၍ စတုရန်းပုံအုတ်မြစ်တခုသည် နေရာလုံလောက်မှုမရှိခြင်း တနည်း အခြားသော အုတ်မြစ်များနှင့်နီးကပ်လွန်းစွာရှိနေခြင်း သို့မဟုတ် နယ်နမိတ်မျဉ်းနှင့်ကပ်နေခြင်းစသည့် အဟန့်အတားများကြုံတွေရပါမူ စတုဂံပုံအုတ်မြစ်အဖြစ် အစားထိုးအသုံးပြုနိုင်သည်။ “အကြမ်းဖျင်းပြောရပါမူ နေရာရလျှင် စတုရန်းပုံအုတ်မြစ်ဖြစ်၍ နေရာမလုံလောက်ပါမူ...