Posts

Showing posts from November, 2021

Extended End-Plate Moment Connection များအကြောင်း (၅)

Image
    ကနဦးပုံစံချခြင်း               ဒီအပိုင်းမှာတော့ ကိုယ်ရွေးချယ်ထားတဲ့ connection အမျိုးအစားအလိုက် သက်ဆိုင်ရာ configuration ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ် ။ ဒီ geometric parameters တွေက test result တွေကနေတစ်ဆင့် analytical procedure တွေအဖြစ်ရရှိထားတာပါ ။ ဒါ့ကြောင့် ဒီ configuration တွေက test အကြိမ်ရေနဲ့ test ရဲ့လုပ်ဆောင်ထားတဲ့ အကျယ်အဝန်းပေါ်မှာ လုံးဝမှီတည်နေပါတယ် ။             Connection အမျိုးအစားအလိုက် သက်ဆိုင်ရာ geometric parameter တွေကို AISC design guide တွေမှာ ဖော်ပြပေးထားပါတယ် ။ အကယ်၍သတ်မှတ်ချက်တွေနဲ့ ကွဲလွဲခဲ့မယ်ဆိုရင် mechanism configuration နဲ့ predicted strength တွေအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ် ။ အဲ့ဒီအတွက် preliminary design အတွက်ရွေးချယ်ထားတဲ့ configuration တန်ဖိုးတွေဟာ tested parameter range အတွင်းမှာ ရှိရပါမယ် ။             အောက်မှာ AISC design guide ကသတ်မှတ်ထားတဲ့ geometric parameter တွေကို ဖော်ပြထားပါတယ် ။               preliminary design ဆိုတာ အင်ဂျင်နီယာပညာရပ် သို့မဟုတ် အင်ဂျင်နီယာဆိုင်ရာ တွက်ချက်ခြင်းတွေမှာ ကနဦး ခန့်မှန်းတဲ့အခြေအနေတစ်ခုအနေန

Extended End-Plate Moment Connection များအကြောင်း (၄)

Image
INPUT DATA & CHOOSE CONNECTION TYPE Frame analysis ကနေရလာတဲ့ analysis result တွေ လိုအပ်ပါတယ် ။ ကိုယ်သုံးမဲ့ Material properties တွေ သတ်မှတ်ပေးရပါမယ် ။ End-plate moment connection တွေထဲကမှ တစ်ခုခုကိုရွေးချယ်ရပါမယ် ။ နောက် ကိုယ်ရွေးလိုက်တဲ့ connection အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အသေးစိတ် configuration တွေကို ရွေးချယ်ပေးရပါမယ် ။   BOLT DESIGN      လိုအပ်တဲ့ bolt အရွယ်အစားကို တွက်ထုတ်ပါမယ်။ ရရှိလာတဲ့ bolt အတွက် the bolt shear rupture strength of the connection by the shear at the plastic hinge ကိုအဆင်ပြေမပြေ စစ်ဆေးပါမယ် ။ အဆင်မပြေရင် bolt အရွယ်အစားကြီးတာပဲဖြစ်ဖြစ် bolt အရေအတွက် ပိုများတဲ့ connection type တစ်ခုခုကိုပြောင်းပီးတွက်ချက်တာဖြစ်ဖြစ် လုပ်ရပါမယ် ။   END-PLATE DESIGN      လိုအပ်တဲ့ end-plate အထူကို တွက်ထုတ်ပါမယ်။ ရရှိလာတဲ့ end-plate အထူကို အောက်ပါအချက်တွေနဲ့ စစ်ပါမယ်. shear yielding resistance of the extended portion of the four-bolt extended unstiffened end plate by the beam flange force shear rupture resistance of the extended portion of the end-plate in

Extended End-Plate Moment Connection များအကြောင်း (၃)

Image
  End-plate connection များ၏ အားသာချက်             ဒီ connection အမျိုးအစားတွေဟာ shop welding & field bolting ဖြစ်တဲ့အတွက် အားသာချက်တွေ အများကြီးရှိပါတယ် ။ End plate နဲ့ beam flange, End plate နဲ့ beam web ပီးတော့ stiffener တွေကို ဂဟေ ဆော်ဖို့အတွက် စက်ရုံ မှာလုပ်ပါတယ် ။ ပီးတော့ field မှာ column နဲ့ bolt တွဲပါတယ် ။ အဓိကကတော့ on site မှာ ဂဟေ မဆော်ရတဲ့အတွက် ပြသနာတော်တော်နည်းသွားပါတယ် ။ ရာသီဥတုအခြေအနေကို သိပ်ထည့်တွက်စရာ မလိုပါဘူး ။ Foundation work လုပ်နေစဉ်မှာ shop fabrication process ကိုအပြီးသတ်လုပ်ထားပီး on site မှာ bolt နဲ့တွဲတဲ့အတွက် အချိန်ကုန်တော်တော်သက်သာပါတယ် ။ Erection process အနေနဲ့လည်း တော်တော်မြန်ပါတယ် ။ ကုန်ကျစရိတ်နည်းပါတယ် ။             ဒါကတော့ steel structure building တစ်ခုရဲ့ ခွဲဝေထားတဲ့ကုန်ကျစရိတ်အချိုးအစား အကြမ်းဖျင်းဖြစ်ပါတယ်. Material                         25% Fabrication                    30% Protective treatment     20% Transport                      10% Erection                        15%   End-plate connection များ၏ အားနည်းချက်