Posts

Showing posts from December, 2021

သံထည်အဆောက်အအုံများတွင် အုတ်နံရံစီခြင်း

Image
            မြန်မာနိုင်ငံက တည်ဆောက်ရေးလုပ်ငန်းတွေရဲ့ သံထည်အဆောက်အအုံ တွေမှာ အုတ်စီတဲ့အခါ ဘယ်လိုစီရင်ပိုကောင်းမလဲဆိုတာ မကြာခဏငြင်းခုန်ရလေ့ရှိပါတယ် ။ နိုင်ငံတကာမှာတော့ စနစ်တကျတိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံမှာတော့ နည်းပညာကို ခါးဖြတ်လိုက်ရတဲ့အတွက် အခက်အခဲတွေအများကြီးရှိပါတယ်။ အဲ့ ဒီအတွက် နိုင်ငံတကာက နည်းစနစ် တွေကို လေ့လာပီး အနီးစပ်ဆုံး အသုံးချလို့ရမဲ့ တည်ဆောက်ရေးနည်းစနစ်တွေကို မျှဝေချင်ပါတယ် ။ အမှန်ကတော့ အောက်ပါစနစ်ဟာ အလွန်တောင့်တင်းသော အုတ်ရိုးနံရံနည်းစနစ်တစ်ခုဖြစ်ပြီး သံထည်အဆောက်အအုံရဲ့ ကြံ့ခိုင်မှုကိုပါအထောက်အကူပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။  လေ့လာမှုများအရ ... အုတ်နံရံ ရဲ့အောက်ခြေမှာ deck slab ကနေ သံချောင်း တွေထုတ်ပီး တွဲထားတာကို မြင်ရပါမယ် ။ အုတ်နံရံ ရဲ့အပေါ်ဆုံးအပိုင်းမှာ steel beam အကြား အဟ (gap) လေးချန်ထားတာတွေ့ရပါမယ် ။ ဘာလို့လဲဆိုတော့ သံထုပ်တန်း(steel beam) တွေ အိကျ တဲ့အခါ အုတ်နံရံ အပေါ်သက်ရောက်မှုမရှိစေလိုခြင်းကြောင့် ဖြစ်ပါတယ် ။နောက်တစ်မျိုးကတော့ အုတ်နံရံအပေါ်ဆုံးအပိုင်းနဲ့ သံထုပ်တန်း(steel beam)အကြား shear stud များသုံးပြီး အလွန်တောင့်တင်းအောင် စီမံထားခြင်းဖြစ်ပါတယ်။ အုတ်န

ဗိသုကာများအတွက် သံထည်အဆောက်အအုံ

Image
               အဆောက်အ အုံ တစ်ခုကို ကွန်ကရိ နဲ့ဆောက်မလား သံထည်နဲ့ ဆောက်မလား သစ်သားနဲ့ ဆောက်မလား. အုတ် နဲ့ဆောက်မလား ဆိုတာ ကို ဗိသုကာပညာရှင် ၊ လုပ်ငန်းရှင် ၊ တည်ဆောက်ရေးအင်ဂျင်နီယာ ၊ structure designer တို့က အကြောင်းအရာအမျိုးမျိုးအပေါ်မှာ အခြေခံပြီး စဉ်းစားရွေးချယ်ဆုံးဖြတ်လေ့ရှိကြပါတယ်။ သံထည်အဆောက်အအုံများ၊ သံကူကွန်ကရိအဆောက်အအုံများနှင့် အုတ်တိုကအဆောက်အအုံများဟာ ဗိသုကာရှုထောင့်သာမက အင်ဂျင်နီယာရှုထောင့်အရပါ ကွဲပြားခြားနားမှုအများကြီးရှိပါတယ်။ ဒီနေရာမှာ ဇောင်းပေးတင်ပြလိုတာက သံထည်အဆောက်အအုံတွေဟာ သံထည်အဆောက်အအုံနည်းစနစ်တွေအတိုင်းပဲ ဆောက်ရပါတယ်။ သံကူကွန်ကရိလိုတည်ဆောက်ဖို့ရာ အဆင်မပြေသည်များရှိပါတယ်။ ဗိသုကာဆိုင်ရာဆုံးဖြတ်ချက်ဟာ တည်ဆောက်ရေးမှာသက်ရောက်မှုရှိသလို တည်ဆောက်ရေးဆိုင်ရာကန့်သက်ချက်များကလည်း ဗိသုကာပိုင်းကို အပြန်အလှန်သက်ရောက်မှုရှိပါတယ်။               သံထည်အဆောက်အအုံ နဲ့ဂိုဒေါင်လို warehouse တွေ ဆောက်တာမှာ သိပ်ပြသနာမရှိပေမဲ့ လူနေအိမ် လိုအဆောက်အအုံတွေဆောက်တဲ့အခါမှာ သိသိသာသာကွဲပြားမှုလေးတွေရှိလာပါ ပြီ။ သံထည်အဆောက်အအုံ တစ်ခုဆောက်တဲ့အခါမှာ RC နဲ့မတူ ထည့်သွင်းစဉ်းစားရမှာလေးတွေရှိပါတယ် ။ အ

ပေ ၄၀ (၁၂ မီတာ) အရှည် cantilevered slab ပါဝင်တဲ့အဆောက်အအုံ

Image
            အမေရိကန်ပြည်ထောင်စု နယူးဂျာစီမှာ တည်ဆောက်ထားတဲ့ အဆိုပါ အဆောက်အအုံကတော့ Novartis Oncology Research အဆောက်အအုံဖြစ်ပါတယ်။ client ကတော့ Novartis Pharmaceuticals Corporation ပဲဖြစ်ပါတယ်။ architect ကတော့ Maki & Associates ဖြစ်ပြီး architect of record ကတော့ Gensler လို့ဆိုပါတယ်။ 185,000 ft2 (17,190 m2) အကျယ်အဝန်းရှိတဲ့ ၅ ထပ်အဆောက်အအုံဖြစ်ပါတယ်။             ဒီ challenge ကိုကိုင်တွယ်ဖြေရှင်းခဲ့တဲ့ structural engineer တွေကတော့ Leslie E.Robertson Associates (LERA) ကဖြစ်ပါတယ်။ structural design အရတော့ concrete flat slab system ကိုမှ post tension (bonded) system ပဲဖြစ်ပါတယ်။ High-strength concrete (8000 psi [55 MPa]) ကိုသုံးထားပြီး taper slab ဖြစ်ပါတယ်။ သူ့အထူက 20 in. (508 mm) ကနေ 8 in. (203 mm) ထိဖြစ်ပါတယ်။ တွက်ချက်လို့ရတဲ့ maximum long-term deflection အကျက roof slab မှာ 1.5 in. (38 mm) ဖြစ်ပြီး floor slab တွေမှာ 1.75 in. (45 mm) ဖြစ်ပါတယ်။ post tension force က floor slab တွေအတွက် 75 kip/ft (pre-compression 315 psi) ဖြစ်ပါတယ်။             မြန်မာနိုင်ငံမှာ post tension slab တွေစတော

Steel Structure with R.C. Shear Wall

Image
     မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အထိ သံထည်အဆောက်အအုံ( steel structure) ကို သံကူကွန်ကရိ(R.C.) shear wall နဲ့ တွဲဆောက်ကြလေ့မရှိသေးပါဘူး။ သံထည်အဆောက်အအုံ တွေဟာ အထပ်မြင့်လာလေ moment frame ထက်စာရင် အခြားသော braced frame, shear wall စတဲ့ အဆင့်မြင့် ဖရိန်စနစ် (frame system) တွေကို မဖြစ်မနေ ရွေးသုံးကြရတာပါ။ steel plate shear wall ကိုလည်း သုံးနိုင်တယ်။      shear wall စနစ် စစ်စစ်ဖြစ်ဖို့ကတော့  seismic/wind စတဲ့ ဘေးတိုက်အလေးဝန်တွေကို RC shear/core wall ဆီ ၁၀၀% ပေးပြီးတော့ ကျန်တဲ့ steel frame က gravity frame/collector အနေနဲ့ leaning လုပ်တာပေါ့။ အဲ့ဒီအတွက်ကြောင့် steel frame member တွေဟာ seismic requirement အမြင့်တွေကနေ အတိုင်းအတာတစ်ခုအထိ သိသိသာသာ ကင်းလွတ်သွားပါတယ်။ ဒါမှမဟုတ်လည်း dual system လိုမျိုး ဖရိန် စနစ် (၂) မျိုးရောသုံးလို့လည်းရတယ်။        မြန်မာနိုင်ငံမှာတော့ သမာရိုးကျ moment frame ကလွဲရင် ကျန်တာမတွေ့ရသလောက်ပါပဲ။ ခေတ်အဆက်ဆက် R.C. အဆောက်အအုံတွေပဲဆောက်လာကြတော့ သံထည်အဆောက်အအုံတွေ ကိုလည်း R.C. လိုပဲ ဆောက်ကြတဲ့သဘောရှိပါတယ်။     အခုနိုင်ငံတကာမှာ steel structure နဲ့ R.C. shear wall နဲ့တွဲဆောက